Thursday, September 26, 2013

ဂျပန်စာ ဖတ်ဖို့ကူညီသူလေး "Rikaichan"

သူလေးနဲ့ အင်တာနက်မှာ ဂျပန်စာဖတ်ရတာ အတော်အဆင်ပြေပါတယ်။ သူလေးဆိုတာ "Rikaichan"ပါ။ "rikai"က understanding လို့ အဓိပ္ပါယ်ရပြီး "chan" က "---လေး"လို့ ဆိုလိုပါတယ်။ ဒါကြောင့် "ဂျပန်စာ ဖတ်ဖို့ကူညီသူလေး"လို့ ခေါ်လိုက်တာပါ။ Firefox ရဲ့ Tools ထဲမှာ ထည့်ထားရင် သူ့ကို on ပြီး မသိတဲ့စာလုံးပေါ် mouse ထောက်လိုက်တာနဲ့ ဒီလို လာပြပါတယ်။

သူ့ကို ဒီနေရာမှာ download လုပ်ယူပါ။

Rikaichan - Firefox Add-ons

သူလေးတခုထဲနဲ့လည်း မရသေးပါဘူး။ ကိုယ့်ကို ဘယ်ဘာသာစကားနဲ့ ဘာသာပြန်စေချင်လဲဆိုတာကို Dictionary ရွေးရပါဦးမယ်။ အင်္ဂလိပ်၊ ဂျာမဏီ၊ ပြင်သစ်၊ ရုရှား ကြိုက်တာရွေးပြီး install လုပ်နိုင်ပါတယ်။

Rikaichan Dictionary

ဂျပန်စာ လေ့လာလိုသူတွေ အဆင်ပြေနိုင်ကြပါစေ။

original post - http://my-practice-room.blogspot.jp/2008/07/rikaichan.html

1 comment:

fresh said...

ဂျပန်စာသင်တန်းကျောင်းမှာမည်သည့်ခေါင်းဆောင်ကို လေးစားမှု့နဲ့ တန်ဖိုးထားအချိတ်များပါသလဲ။ကျေးဇူးပြုပီး ဗဟုသုတအနေနဲ့ဖြေကြားစေလိုပါတယ်.
ဗဟုသုတအဖြစ် ချိတ်ဆွဲသည့် ခေါင်းဆောင်ရာဇ၀င်ကိုလည်း သိရှိလိုပါသည်။