ဂျပန်စာ အခြေခံအဆင့် သဒ္ဒါ (၁)
Shin Nihongo No Kiso 1
အခန်း (၂၀)
***普通形(ふつうけい) - Plain Form ***
***သာမန်ပုံစံ***
Shin Nihongo No Kiso 1
အခန်း (၂၀)
***普通形(ふつうけい) - Plain Form ***
***သာမန်ပုံစံ***
Plain Form ဟာ ဂျပန်စာမှာ အလွန်အရေးကြီးတဲ့ ပုံစံဖြစ်ပါတယ်။
လယ်ဗယ်ရှေ့ဆက်တက်ဖို့အတွက် ဒီ Plain Form ကို သေချာနားလည်ဖို့ လိုပါတယ်။
အလွယ်မှတ်ဖို့အတွက်ဆိုရင် 普通形(ふつうけい)ဆိုတာ ます・ですတွေ မရှိတဲ့ Plain ပုံစံဖြစ်ပါတယ်။
普通形(ふつうけい)ထဲမှာ ပုံစံလေးမျိုး တွေ့ရပါမယ်။
(辞書形(じしょけい) နှင့်တူသော ပုံစံ、 ~ない - အငြင်းပုံစံ、 ~た - အတိတ်ပုံစံ、~なかった - အတိတ်အငြင်းပုံစံ)
ပုံမှာကြည့်ရင် ____
အပေါ်ဆုံး လေးထောင့်ကွက်ထဲမှာ 動詞(どうし) - ကြိယာရဲ့ 普通形(ふつうけい) ပုံစံ ၄ မျိုး
အလယ်အကွက်မှာ い-adj ရဲ့ 普通形(ふつうけい) ပုံစံ ၄ မျိုး နဲ့
တတိယအကွက်မှာ な-adj နှင့် 名詞(めいし)-နာမ် ရဲ့ 普通形(ふつうけい) ပုံစံ ၄ မျိုး နဲ့ ကိုတွေ့ရမှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းပြီးသွားတဲ့နောက်ပိုင်း အခြား လယ်ဗယ်အမြင့် လေ့ကျင့်ခန်းများမှာ 普通形(ふつうけい) ကို အခြားသဒ္ဒါပုံစံများနှင့် တွဲမြင်ရမှာပါ။
ဒါကြောင့် 普通形(ふつうけい)က အရေးကြီးရခြင်း ဖြစ်ပါတယ်။
-----=-----=-----=-----=-----=-----=-----=-----
ます形 မှ 普通形(ふつうけい) ပြောင်းလျင် ます အား ဖြုတ်ပစ်ပါ။
い-adj မှ 普通形(ふつうけい) ပြောင်းလျင် ます အား ဖြုတ်ပစ်ပါ။
な-adj နှင့် 名詞(めいし)-နာမ် မှ 普通形(ふつうけい) ပြောင်းလျင် です အား だ ပြောင်းပါ။
-----=-----=-----=-----=-----=-----=-----=-----
1)あした 東京(とうきょう)へ 行(い)く。
မနက်ဖြန် တိုကိုကို သွားမယ်။
2)毎日(まいにち) 忙(いそ)しい。
နေ့တိုင်း အလုပ်များတယ်။
3)きょうは いい 天気(てんき)だ。
ဒီနေ့ ရာသီဥတု သာယာတယ်။
あした - မနက်ဖြန်
行(い)く - သွားသည်
毎日(まいにち) - နေ့တိုင်း
忙(いそ)しい - အလုပ်များသော
きょう - ယနေ့
いい - ကောင်းသော
天気(てんき) - ရာသီဥတု
ひまな - အားလပ်သော
あめ - မိုး
**************************************************
မူရင်းပို့စ်
ဂျပန်စာ ဂျပန်စကား - Japanese Language
https://www.facebook.com/permalink.php?story_fbid=526308064084078&id=523067971074754
-----=-----=-----=-----=-----=-----=-----=-----
No comments:
Post a Comment