Thursday, September 26, 2013

ဂျပန်စာ ဖတ်ပြဦးမယ့် "ကြက်တူရွေးမောင်"

"Rikaichan"ပြီးတော့ ဒီတခါ "Perapera-kun"နဲ့ မိတ်ဆက်ပေးပါမယ်။ "Perapera"က fluent လို့ အဓိပ္ပါယ်ရပါတယ်။ あの人は日本語がペラペラです ကို မြန်မာလိုဆိုရင်တော့ "သူဂျပန် စကားပြောတာ မွှတ်နေတာဘဲ"လို့ ဆိုလိုပါတယ်။ "kun"ကတော့ ယောက်ျားလေးတွေ အမည်အနောက်မှာ "မောင်"ဆိုတဲ့ သဘောမျိုးပါ။ ဂျပန်မှာ "ဦး/ဒေါ်/ကို/မောင်/မ"စတာအားလုံးအတွက် အမည်အနောက်မှာ "san(စံ)"လို့ သုံးပါတယ်။ ရင်းနှီးလာကြတဲ့အခါ မိန်းကလေးအချင်းချင်းက အမည်အနောက်မှာ "--chan(ချန်)" ယောက်ျားလေးဆိုရင် "kun(ကွန်)"လို့ ထည့်ခေါ်ကြပါတယ်။ ခု"Perapera-kun"ကိုတော့ ဂျပန်စာတွေဖတ်ပြမယ့် "ကြက်တူရွေးမောင်"လို့ ခေါ်လိုက်ပါတယ်။ သူ့ကိုလည်း "Rikaichan"လိုဘဲ Firefox ရဲ့ Tools ထဲမှာ ထည့်ထားရမှာပါ။ အလုပ်လုပ်တာက "Rikaichan" လိုပါဘဲ။ တခုသာတာက "Rikaichan"က စာလုံးတစ်လုံးအနေနဲ့ ဖတ်မပြဘဲ ခန်းဂျီးစာတစ်လုံးအနေနဲ့ ခွဲပြတဲ့စာတွေကို သူက တခါထဲဖတ်ပြပေးတာပါ။

သူ့ကို ဒီမှာ Download လုပ်နိုင်ပါတယ်။


Dictionary ကတော့ "Rikaichan"အတွက် installလုပ်ထားပြီးရင် ထပ်ထည့်ဖို့ မလိုတော့ပါဘူး။ တခုသတိထားရမှာက "Rikaichan"ကို on ထားရက်နဲ့ သူ့ကို on လိုက်ရင် ရှုပ်ကုန်ပြီး နှစ်ခုစလုံး အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် နောက်တစ်ခုပြောင်းချင်ရင် အရင် on ထားတာကို ပိတ်ပြီးမှ နောက်တစ်ခုကိုဖွင့်ပါ။ လွယ်လွယ်ကူကူတော့ စာလုံးပေါ် Right click နှိပ်ပြီး ရွေးလို့ရပါတယ်။

အဆင်ပြေနိုင်ကြပါစေ။

original post - http://my-practice-room.blogspot.jp/2008/07/blog-post_26.html

No comments: